August 7, 2023

ကိုယ့်သူငယ်ချင်းက မကောင်းတဲ့ခံစားချက်တွေခံစားနေရတယ်ဆိုရင်

ဆောင်းပါးတိုများ
,
4.4
MB
,
1 language

ကလေးတို့ရဲ့ သူငယ်ချင်းတစ်ယောက်ယောက်က မကောင်းတဲ့ခံစားချက်တွေ ခံစားနေရတဲ့အခါ ဘယ်လိုကူညီပေးလို့ရလဲဆိုတဲ့အကြောင်း ပြောပြပေးသွားမယ့် ဆောင်းပါးတို

“စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျတယ်၊ ဝမ်းနည်းတယ် …” စတဲ့ မကောင်းတဲ့ခံစားချက်တွေဆိုတာ လူတိုင်းလိုလို အကြောင်းတစ်ခုမဟုတ် တစ်ခုကြောင့် ခံစားရတတ်တာချည်းပါပဲ။ ဒီလိုအရာတွေဆိုတာ တစ်ယောက်တည်း ကြိတ်ဖြေရှင်းတာထက် သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ ဖေးမမှုကလည်း အရမ်းကိုအရေးကြီးတာအမှန်ပါ။

ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာ ဒီလိုမကောင်းတဲ့အတွေးတွေ၊ ခံစားချက်တွေ ခံစားနေရတဲ့သူရှိတယ်ဆိုရင်တော့ - ကိုယ်ကသူ့ကို ဘယ်လိုနည်းနဲ့ အားပေးကူညီနိုင်မလဲဆိုတာ သိထားဖို့လိုအပ်တာပေါ့။

ဒါဆို … ဘယ်လိုနည်းလမ်းတွေနဲ့ ကူညီဖေးမပေးနိုင်မလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်

(၁) နားထောင်ပေးပါ - သူငယ်ချင်းရဲ့ ခံစားချက်တွေကို သေချာနားထောင်ပေးဖို့အရေးကြီးပါတယ်။ ကြားဖြတ်ပြောတာမျိုး၊ သူပြောလို့ မပြီးခင်အကြံဝင်ပေးတာမျိုး မလုပ်ပါနဲ့။

(၂) အားပေးပါ - ဒီလို မကောင်းတဲ့ခံစားချက်တွေကို အမြဲတမ်းခံစားနေရမှာမဟုတ်တဲ့အကြောင်းပြောပြပါ။ ဒီအရာတွေကို သူကျော်ဖြတ်သွားနိုင်ကြောင်းပြောပြီး အားပေးပါ။

(၃) လိုအပ်တာ ကူညီပေးပါ - သူ့မှာ ဘယ်လိုအကူအညီလိုအပ်နေလဲဆိုတာ မေးဖို့လိုပါတယ်။ ပြီးရင်တော့ - သူလိုအပ်နေတဲ့ အကူအညီကို ကိုယ်တတ်စွမ်းသလောက် ကူညီပေးဖို့လည်း အရေးကြီးပါတယ်။

(၄) ပျော်စရာကိစ္စတွေ အတူလုပ်ပေးပါ - သူငယ်ချင်းရော၊ ကိုယ်ရော နှစ်ယောက်လုံးပျော်ရွင်ရမယ့် ကိစ္စတွေကို အတူတူလုပ်လို့ရပါတယ်။ ဥပမာ - ရုပ်ရှင်တူတူကြည့်တာ၊ အတူကစားတာမျိုးပေါ့ … ။

(၅) အဆက်အသွယ်မပြတ်ပါစေနဲ့ - ကိုယ့်သူငယ်ချင်းကို အဆင်ပြေမပြေ၊ ဘာတွေလိုအပ်နေလဲ စတဲ့အကြောင်းတွေကို မကြာခဏ မေးပေးဖို့လိုပါတယ်။

(၆) စိတ်ရှည်ပါ - မကောင်းတဲ့ခံစားချက်တွေဆိုတာဟာ ချက်ချင်းပျောက်ကွယ်သွားတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုခံစားနေရတဲ့ သူငယ်ချင်းအပေါ် စိတ်ရှည်ပေးဖို့ လိုပါတယ်နော်။

(၇) မိမိကိုယ်ကိုလည်း ဂရုစိုက်ပါ - တခြားသူကို ကူညီဖေးမဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကလည်း ကျန်းမာ၊ ပျော်ရွှင်နေဖို့လိုတာမို့ ကိုယ်ကိုယ်တိုင်ရဲ့ ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်မှုကိုလည်း မမေ့ပါစေနဲ့နော်။

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
အနောက်သို့သွားရန်