July 17, 2023

သားသားမီးမီးတို့ စိတ်ကျန်းမာ ပျော်ရွှင်အောင် နေနိုင်ဖို့

ဆောင်းပါးတိုများ
,
4.4
MB
,
1 language

သားသားမီးမီးတို့ စိတ်ကျန်းမာပျော်ရွှင်အောင် ဘယ်လိုလုပ်ကြမလဲ၊ ခံစားချက်တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ပြောပြပေးမယ့် ဆောင်းပါးတို

စိတ်ကျန်းမာပျော်ရွှင်မှုဆိုတာဟာ ကိုယ့်စိတ်ခံစားချက်တွေကို ပုံမှန်အခြေအနေမှာ ထိန်းသိမ်း ထားနိုင်တာမျိုးပါ။ အရမ်းအပြင်းအထန်ခံစားနေရတာလည်းမဟုတ်ဘူး။ ဘာခံစားချက်မှ မရှိတာမျိုးလည်း မဟုတ်ဘူးပေါ့။ ဒါဆို စိတ်ခံစားချက်တွေဆိုတာ ဘာတွေလဲ။ စိတ်ခံစားချက်တွေအကြောင်း ပြောကြည့်ကြရအာင်

စိတ်ထဲမှာ ပျော်နေလား။ ဝမ်းနည်းနေတာလား။ ဒါမှမဟုတ် ဘာခံစားနေရမှန်း မခွဲခြားနိုင်ဘူးလား။

ခံစားချက်တွေနဲ့ ပတ်သက်လာရင် အမြင်တွေမတူကြပါဘူး။ တချို့က ကိုယ့်ခံစားချက်ကိုသိတယ်၊ နားလည် တယ်။ တချို့ကျတော့လည်း ခံစားချက်ကိုမသိဘူး၊ ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲတချို့ကိုတော့ သတိထား မိတယ်။ ရင်ထဲမှာတင်းကျပ်ကျပ်ကြီး ဖြစ်နေတယ်၊ လည်ချောင်းထဲ နင်နေသလို ဆို့ဆို့နင့်နင့်ကြီး၊ အသက်ရှူမဝလိုက်တာ၊ ဘာမှမလုပ်ချင်ဘူး ဘယ်သူနဲ့မှလည်းမတွေ့ချင်ဘူး စသဖြင့်ပေါ့။ ဒါဟာ စိတ်ဖိစီး နေတာပါလား၊ ဝမ်းနည်းနေတာပါလား၊ စိတ်ဓာတ်ကျနေပါလားဆိုပြီး သိလာ၊ နားလည်လာဖို့ ဖြည်းဖြည်းချင်း လေ့လာသွားဖို့လိုပါတယ်။  

ကိုယ့်ခံစားချက်ကို နားလည်တဲ့သူနဲ့၊ နားမလည်တဲ့သူပေါ်မူတည်ပြီး ဖြေရှင်းနည်းတွေကလည်း မတူကြဘူး နော်။ တချို့ကရင်ဖွင့်ပြောပြလိုက်ပြီးတော့ မေ့ပစ်လိုက်ကြတယ်။ တချို့ကျတော့လည်း ရင်မဖွင့်တတ်ကြဘူး။ တခြားနည်းလမ်းတွေ ရှာရတယ်၊ အချိန်ယူရပါတယ်။  

သားသား၊ မီးမီးတို့ရော စိတ်ခံစားချက်တွေပြင်းထန်လာရင် သက်သာအောင် ဘယ်လိုလုပ်ကြလဲ၊ ခံစားချက်တွေကို ဘယ်လိုထိန်းကြမလဲ။ မသိသေးဘူးဆိုရင် ဒီလိုနည်းလမ်းလေးတွေကို သုံးကြည့်ပါနော်။

လက်ခံပါ - စိတ်ထဲမှာနေလို့မကောင်းဘူး မသက်မသာဖြစ်နေပြီဆိုရင် ကိုယ့်မှာပြဿနာတစ်ခုခု ဖြစ်နေပြီဆိုတာ လက်ခံရပါတယ်။ ဒါဟာ ရှက်စရာလည်းမဟုတ်သလို၊ ပျော့ညံ့တာလည်း မဟုတ်ပါဘူး။ ပထမဆုံး ဒါကို လက်ခံလိုက်နိုင်ပြီဆိုရင် စိတ်သက်သာအောင်လုပ်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်နိုင်တာပါပဲ။

ရှာဖွေပါ - ကိုယ်လုပ်ရတာကြိုက်တဲ့ အရာတစ်ခုခုကိုရှာပြီး လုပ်ကြည့်ပါ။ ကိုယ့်ကို စိတ်ချမ်းသာမှုပေးတဲ့ တစ်ယောက်ယောက်နဲ့ စကားပြောကြည့်တာ၊ စာရွက်တစ်ရွက်ပေါ် ချရေးကြည့်တာ၊ ပုံတွေ လျှောက်ခြစ်တာ၊ သီချင်းနားထောင်တာ လိုက်အော်ဆိုတာ၊ စာအုပ်ဖတ်တာ၊ အိပ်ပစ်လိုက်တာမျိုးတွေ ပေါ့။

အားကိုးပါ - ခံစားချက်တွေကို မျိုသိပ်ထားတာ၊ တစ်ယောက်တည်းကြိတ်ခံစားနေတာမျိုးတွေထက် အားကိုးရတဲ့ ယုံကြည်ရတဲ့လူတစ်ယောက်ဆီမှာ ရင်ဖွင့်ပြောပြလိုက်ပါ။ ခံစားရတာတွေ ပေါ့ပါးသက်သာ သွားပါလိမ့်မယ်။  

လေ့ကျင့်ပါ - စိတ်ခံစားချက်တွေကို ထိန်းတာ လျှော့ချတာဟာ ချက်ချင်းလုပ်လို့ရတဲ့ အရာတစ်ခုမဟုတ်ပါ ဘူး။ တဖြည်းဖြည်း လေ့ကျင့်ယူရတာပါ။ ကိုယ့်ခံစားချက်တွေကို အရင်နားလည်အောင်၊ ဘာကြောင့် ဖြစ်ရတာလဲဆိုတာစဉ်းစားကြည့်ပါ။ စိတ်ငြိမ်အောင် တရားထိုင်ကြည့်ပါ။ အသက်ပြင်းပြင်းရှူထုတ် လုပ်ကြည့်ပါ။ လေ့ကျင့်ခန်းတစ်ခုခုလုပ်ကြည့်ပါ။ တဖြည်းဖြည်း ရင်ဆိုင်ကျော်လွှားနိုင်လာပါလိမ့်မယ်။  

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
အနောက်သို့သွားရန်