July 18, 2023

EMBRACING POSITIVE THOUGHTS

Articles
,
4.4
MB
,
1 language

An article about the significance of positive thoughts in a person’s life, particularly for parents and caregivers of children.

ကလေးငယ်လေးတွေကို စောင့်ရှောက်နေရတဲ့ ဖေဖေ၊ မေမေနဲ့ အုပ်ထိန်းသူတို့ရေ …

တခါတလေမှာ စိတ်ညစ်ညူးစရာ၊ ဝမ်းနည်းစရာအတွေးတွေ ဝင်ဖူးကြတယ်မဟုတ်လား။ “ငါဟာ မိဘကောင်း တစ်ယောက်မှဟုတ်ရဲ့လား”၊ “အလုပ်အကိုင်တွေကလည်း အဆင်မပြေတော့ သားသားမီးမီးတွေကို အစားကောင်း၊ အသောက်ကောင်းတွေလည်း မကျွေးနိုင်ပါလား”၊ “ငါ့ကလေးတွေကို တခြားကလေးတွေလို ကျောင်းပုံမှန်သွားရအောင် မလုပ်ပေးနိုင်ပါလား” … စသည်ဖြင့် အမျိုးမျိုးသောအတွေးတွေဟာ ခေါင်းထဲမကြာခဏ ဝင်လာပြီး မပျော်ရွှင်နိုင်ဖြစ်နေရတယ်ဆိုရင်တော့ - ဒီစာလေးထဲက နည်းလမ်းတွေနဲ့ မကောင်းတဲ့အတွေးတွေကို ဖယ်ထုတ်နိုင်ဖို့ ကြိုးစားကြည့်ကြမယ်လေ။

ဒီလိုအတွေးတွေဝင်တာဟာ လူသားတိုင်းရဲ့ ပုံမှန်ခံစားမှုတစ်ခုပါပဲ။ မကောင်းတဲ့ အခြေအနေတွေကြားမှာ နေထိုင်နေရသူတွေအဖို့ ပိုလို့တောင်ဖြစ်တတ်သေးတာပေါ့။ ဒါပေမယ့် - ဒီအတွေးတွေကို ကောင်းတဲ့အတွေးတွေဖြစ်အောင် လှည့်တွေးတတ်ဖို့က အရေးကြီးပါတယ်။

“ငါ့သားသားမီးမီးလေးတွေနဲ့အတူ နေနေရသေးသားပဲ”၊ “ဒီအခြေအနေတွေ ပြီးသွားရင် တို့သားအမိတွေအတူ ဘယ်လိုပျော်စရာတွေ လုပ်ကြမလဲ” စသည်ဖြင့် ကောင်းတဲ့အရာတွေကို လှည့်တွေးပေးတဲ့အကျင့်လေး လုပ်ထားမယ်ဆိုရင် မကောင်းတဲ့အတွေးတွေကြောင့် စိတ်ညစ်ညူးရတာ၊ ဝမ်းနည်းရတာတွေ အထိုက်အလျောက်တော့ သက်သာစေမှာပါ။

ဒီလိုအတွေးတွေက ဖေဖေမေမေတို့လို လူကြီးတွေတင် ဘယ်ဟုတ်မလဲ၊ သားသားမီးမီးတွေဆီမှာလည်း ဝင်တတ်ပြန်ရော။ ဒီတော့ - ခုဏကပြောသလို အကောင်းဖက်ကလှည့်တွေးတတ်တဲ့အကျင့်ရအောင် သားသားမီးမီးတွေနားလည်နိုင်လောက်မယ့် စကားလုံးတွေနဲ့  သေချာရှင်းပြပေးဖို့လည်း လိုတယ်နော်။

ဒီလိုကောင်းတာတွေ တွေးပေးလို့ ပတ်ဝန်းကျင်ကအခြေအနေတွေက ချက်ချင်းကြီးပြောင်းလဲမသွားဘူး ဆိုရင်တောင် ခုလိုတွေးပေးလိုက်လို့ မကောင်းတဲ့အတွေးတွေလျော့နည်းသွားတယ်ဆိုတာကိုက ကြီးမားတဲ့အောင်မြင်မှုပါပဲ။ ဒီလိုပဲ လေ့ကျင့်ယူပြီး ပြောင်းလဲသွားရမှာပါ။ ဖေဖေမေမေတို့ စိတ်ကြည်လင်နေမှ သားသားမီးမီးတွေရဲ့ ဝမ်းနည်းမှုတွေကိုလည်း ကူညီဖြေရှင်းပြီး ပယ်ဖျောက်ပေးနိုင်မှာမဟုတ်ပါလား … ။

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
Go back to more resources