July 18, 2023

BE READY FOR YOUR CHILDREN

Articles
,
4.4
MB
,
1 language

An article for parents and caregivers about how to encourage children to open up and how to be prepared to listen when they do.

စိတ်ဖိစီးတယ်၊ စိတ်သောကရောက်တယ် စတဲ့ခံစားချက်တွေဟာ လူကြီးတွေမှာပဲဖြစ်တတ်တာ မဟုတ်ပါဘူး။ ကလေးငယ်တွေမှာလည်း ဒီလိုမျိုးခံစားချက်တွေရှိတတ်ပါတယ်။ သူတို့လေးတွေရဲ့ ဒီခံစားချက်တွေကို ထုတ်ဖော်ပြောဖို့ဆိုတာ လူကြီးတွေထက်စာရင် ပိုပြီးခက်ခဲတတ်ပါတယ်။ ဒါကြောင့် ဖေဖေ၊ မေမေ၊ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေက သူတို့ခံစားချက်ကို ယုံယုံကြည်ကြည် ဖွင့်ပြောလာစေဖို့ ကူညီပေးဖို့ရာ အရေးကြီးပါတယ်။

စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့ကလေးတွေနဲ့ မိဘ၊ အုပ်ထိန်းသူတွေကြားမှာ ယုံကြည်မှုတိုးလာဖို့နဲ့ သူတို့လေးတွေရဲ့ ခံစားချက်ကိုဖွင့်ဟပြောပြလာစေဖို့ဆိုရင် ဒီအချက်တွေလုပ်ပေးနိုင်ပါတယ်။

  • နားထောင်ပေးပါ - ကလေးတွေရဲ့ခံစားချက်ကို လစ်လျူမရှုဘဲ သေချာနားထောင်ပေးပါ။ ဒါဟာ သူတို့ခံစားနေရတာကို လူကြီးတွေက နားထောင်ပေးနေပါလား ဆိုတဲ့ ယုံကြည်မှုကိုရစေပါတယ်။
  • နားလည်အောင် ရှင်းပြပါ - စိတ်ဖိစီးမှုဆိုတာဘာလဲ၊ ဘယ်လိုလက္ခဏာတွေခံစားရတတ်လဲ ဆိုတာတွေကို ကလေးတွေ နားလည်နိုင်မယ့် အသုံးအနှုန်းတွေသုံးပြီး ရှင်းပြပေးပါ
  • စိတ်သောကရောက်စေနိုင်မယ့် သတင်း၊ အဖြစ်အပျက်တွေနဲ့ ပတ်ဝန်းကျင်ရှိရာနဲ့ ကလေးကို ဝေးအောင်ထားပါ။ ဒီလိုအဖြစ်အပျက်၊ သတင်းစကားတွေက ကလေးကို စိတ်ဖိစီးမှုဖြစ်စေပါတယ်
  • ကလေးနဲ့ မိမိရဲ့ကြားက သံယောဇဉ်နဲ့ ယုံကြည်မှုတွေ တိုးတက်လာစေဖို့ အချိန်တစ်ခုပေးဖို့လည်း မမေ့ပါနဲ့
  • စိတ်ဖိစီးမှုတွေကို သက်သာစေဖို့ အပြင်ထွက်ပြီး ဆော့စကားပေးတာ၊ လေ့ကျင့်ခန်းလုပ်တာမျိုး ကလေးငယ်နဲ့အတူလုပ်ပေးနိုင်ပါတယ်
  • ကလေးကို အသက်ရှူပြင်းပြင်းရှူတဲ့ နည်းလမ်းတွေ သင်ကြားပေးထားပါ။
  • စိတ်ဖိစီးမှုနဲ့ကြုံရတဲ့အခါ ရှောင်ပြေးတာထက် ဒီခံစားချက်တွေကို လက်ခံပြီးရင်ဆိုင်တတ်အောင် ကလေးကို အလေ့အကျင့်လုပ်ပေးဖို့လည်းလိုပါတယ်။
  • နောက်ဆုံးတစ်ချက်ကတော့ - မိဘ၊ အုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို ကလေးတွေဆီ ကူးစက်မသွားစေဖို့ သတိပြုရမှာပဲဖြစ်ပါတယ်။

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
Go back to more resources