July 18, 2023

HOW TO DEAL WITH STRESS

Articles
,
4.4
MB
,
1 language

An article sharing tips and methods to raise awareness of children's emotions and how to help them cope with stress.

ဒေါသစိတ်ဆိုတာ အခြေအနေအမျိုးမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။ လူကြီးတွေပဲ ဒေါသဖြစ်တတ်ကြတာမဟုတ်ဘဲ၊ လူငယ်တွေ ကလေးတွေလည်း ဒေါသဖြစ်ကြတာပါပဲ။ ဒေါသဟာ သဘာဝကျတဲ့ ပုံမှန်စိတ်ခံစားချက်တစ်မျိုးပါ။ ဒါပေမဲ့ ဒေါသထွက်လာတဲ့အခါ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကို မထိခိုက်အောင်၊ အလွန်အကျွံ မဖြစ်အောင် မှန်မှန်ကန်ကန် ဖြေရှင်းတတ်ဖို့ လိုတယ်နော်။

သားသားမီးမီးတို့ရော စိတ်ဆိုးဒေါသထွက်ကြလား။ ဘယ်လိုအခါတွေမှာဖြစ်တတ်လဲ။

ဥပမာပြောပြရရင် တစ်ခါတလေ ဖေဖေတို့ မေမေတို့ဆီ လိုချင်တာ ပူဆာလို့မရရင်ပဲဖြစ်ဖြစ်၊ ကျောင်းမှာ အဆင့်ကျသွားတဲ့အခါပဲဖြစ်ဖြစ်၊ သူများတွေက လာစနောက်ရင်ပဲဖြစ်ဖြစ် ဒေါသဖြစ်ရင်ဖြစ်မယ်၊ တစ်ခါတလေ အလိုလိုစိတ်တိုရင်တိုနေမယ်။ ကိုယ်လည်းမလုပ်ဘဲ အပြစ်လာတင်ရင်၊ အဆူခံ အဆဲခံရရင်လည်း ဒေါသထွက်တတ်တာပဲ။ ကိုယ်က ဘယ်အချိန်တွေမှာ စိတ်တိုတတ်လဲ ဆိုတာ သေချာတွေးကြည့်ကြနော်။

ကိုယ့်မှာဖြစ်ဖြစ် သူငယ်ချင်းတွေမှာဖြစ်ဖြစ် စိတ်ဆိုးလာပြီဆိုရင် ဘယ်လိုဖြစ်တတ်ကြလဲ၊ ဘယ်လိုခံစားရလဲ ဆိုတာကိုရော သတိထားမိကြလား။

ပထမဆုံးအနေနဲ့ စိတ်ဆိုးဒေါသထွက်ရင် သတိမထားလိုက်မိဘဲ မျက်မှောင်ကြုတ်တာ၊ လက်သီးကိုကျစ်နေအောင် ဆုပ်ထားတာတွေ လုပ်မိတတ်တယ်။ အသက်ရှူတွေမြန်လာပြီ၊ မျက်နှာကြီးနီရဲပြီး နားထင်မှာ သွေးတွေ ဒုတ်ဒုတ်နဲ့ တိုးနေပြီ၊ အသားတွေ တဆတ်ဆတ်တုန်လာပြီ၊ မျက်ရည်တွေကျလာပြီဆိုရင်တော့ အဲဒါဟာ အရမ်းကို ဒေါသ ထွက်လာလို့ပဲ။ အဲဒီအခါ အော်ဟစ်ပစ်ချင်လာတတ်တယ်။ အနားမှာရှိတဲ့ ပစ္စည်းတွေကို ပစ်ပေါက်ချင်စိတ် ပေါ်လာ တတ်တယ်။ အဲဒီလိုတွေခံစားလာရပြီဆိုရင် ကိုယ့်ကိုရော၊ ကိုယ်ချစ်တဲ့သူတွေကိုရော မထိခိုက်ရအောင် သတိထား ကြရမယ်နော်။ တစ်ခါတလေကျရင်လည်း ဒေါသဖြစ်နေတာကို ထုတ်မပြဘဲနေမိတတ်ကြတယ်။ ရင်ထဲမှာ ဒေါသတွေ အများကြီးရှိနေပြီး ဖွင့်မထုတ်တဲ့အခါ ခေါင်းကိုက်တာတွေ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်တယ်။ ဒေါသထွက်လာရင် မျိုသိပ်မထားရဘူး၊ မှန်မှန်ကန်ကန် ဖွင့်ထုတ်တတ်ကြမယ်နော်။  

သူများတွေကို မထိခိုက်စေဘဲ ဒေါသကို ဘယ်လိုဖွင့်ထုတ်ကြမလဲ။ ဒီလိုလေးတွေ လိုက်လုပ်ကြည့်ကြနော်။  

  • မျက်လုံးလေးမှိတ်၊ အသက်ရှူသွင်း ပြန်ရှူထုတ်၊ ပြီးရင် “တစ်”လို့ ရွတ်၊ အပြင်မှာထုတ်မရွတ်ချင်ရင် စိတ်ထဲမှာ ရွတ်နော်၊ နောက်တစ်ခေါက်လုပ် “နှစ်” လို့ရွတ်၊ အဲဒီလိုမျိုး ၁၀ခေါက်ရွက်၊ ပြီးသွားလို့ စိတ်သိပ်မငြိမ်သေးဘူး ထင်ရင် တစ်ကနေ ပြန်စကြမယ်နော်။
  • အပြင်ထွက်လမ်းလျှောက်တာမျိုး၊ လေးငါးပတ်လောက် ပတ်ပြေးတာမျိုးလုပ်ကြည့်။ ပြီးရင် ရေချိုးပစ်လိုက်။
  • သီချင်းနားထောင်၊ လိုက်အော်ဆိုကြည့်။ ယုံကြည်ရတဲ့ သူငယ်ချင်းကို ရင်ဖွင့်ပြောပြကြည့်။
  • စိတ်ငြိမ်သွားအောင် စာရွက်ထဲမှာ ပုံတွေချဆွဲကြည့်ကြမယ်။ ဒီလိုနည်းလမ်းလေးတွေထဲက ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းလေးတွေ သုံးပြီး စိတ်ကိုလျှော့ချကြည့်ကြမယ်နော်။

တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်ပြီဆိုရင်လည်း ကိုယ်ပြောချင်တာကို အရင်ကြိုစဉ်းစားထား၊ သူများပြောတာကို သေချာနားထောင်ပြီး၊ ကိုယ်ဆိုလိုတာကိုလည်း စိတ်အေးအေးနဲ့ နားလည်အောင်ရှင်းပြပါ။ အရမ်းဒေါသထွက်လာရင် အဲဒီနေရာကနေ ခဏထွက်သွားလိုက်ပြီးတော့ အပေါ်ကနည်းလမ်းလေးတွေနဲ့ စိတ်ငြိမ်အောင်လုပ်ပြီးမှ ပြန်လည် ဖြေရှင်းကြမယ်နော်။  

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
Go back to more resources