July 18, 2023

SELF-CARE FOR A HAPPY LIFE

Articles
,
4.4
MB
,
1 language

An article for parents and caregivers, sharing how self-care can bring happiness to oneself as well as to loved ones.

မိဘ အုပ်ထိန်းသူတွေ အနေနဲ့  သားသမီးတွေ အဝေးတစ်နေရာမှာ ပညာသွားသင်နေတဲ့အခါ၊ အလုပ်လုပ် နေတဲ့အခါ အစားမှ မှန်မှန်စားရဲ့လား၊ အိပ်ပျော်ရဲ့လား၊ နေမှကောင်းရဲ့လား၊ အိမ်ပြန်နောက်ကျနေမလား စသဖြင့် ပူပန်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီလိုပူပန်မှုတွေက မိဘတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ သားသမီးတွေ ကလည်း အပြန်အလှန် စိတ်ပူပန်တတ်ကြပါတယ်။  

အလုပ်တွေများ၊ အချိန်တွေမအားတာကြောင့် တစ်ခါတလေ ထုတ်မပြောဖြစ်ကြတာတွေရှိပေမယ့် မိဘတွေ ကြိုက်တဲ့ စားစရာလေးတွေတွေ့ရင် သတိရမျိုး၊ ကျန်းကျန်းမာမာရှိနေရဲ့လား၊ စိတ်ညစ်နေကြမလားဆိုပြီး ပူပန်စိတ်မျိုးတွေက လူငယ်တွေရဲ့ စိတ်ထဲမှာ အမြဲရှိနေတဲ့ အကြောင်းအရာတစ်ခုပါပဲ။ အဲဒါကြောင့် ကိုယ် ချစ်ရတဲ့သူတွေ စိတ်ဖြောင့်လက်ဖြောင့် ပညာသင်နိုင်၊ အလုပ်လုပ်နိုင်ဖို့အတွက် အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိအောင် စောင့်ရှောက်နေထိုင်ဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင် လည်း ကျန်းမာနေမှသာ ကိုယ်ချစ်ရတဲ့သူတွေကို ပြန်လှန်စောင့်ရှောက်ပေးနိုင်မှာ မဟုတ်လား။

ဒီတော့ အခြေခံ အကျဆုံး ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နည်းတွေကို အတူတူဖတ်ကြည့်လိုက်ကြရအောင်။

  • အမြဲတမ်းလိုလို အိမ်ထဲမှာပဲနေဖြစ်တယ်၊ ပူပန်နေတတ်တယ်ဆိုရင် ခန္ဓာကိုယ်ကိုရော စိတ်ကိုရော ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အညောင်းအညာမိမနေစေရအောင် မနက်စောစော ဒါမှမဟုတ် ညနေခင်းမှာ လေကောင်းလေသန့်ရှူရင်း အနီးနားလမ်းလျှောက်ထွက်ကြည့်ပါ။ မဖြစ်လာသေးတဲ့ အရာတွေအတွက်လည်း ကြိုတင်စိုးရိမ်ပြီး ပူပန်စိတ်တွေ မမွေးပါနဲ့။
  • အစားအစာကို အာဟာရမျှတအောင်စားပြီး၊ တတ်နိုင်သလောက် စားချိန် အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။  
  • စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ များလာပြီထင်ရင် အသက်ရှူလေ့ကျင့်ခန်းလေး လုပ်ကြည့်ပါ၊ စိတ်တည်ငြိမ်အောင် အချိန်ခဏပေးပြီး တရားထိုင်တာမျိုးလည်း လုပ်ကြည့်လို့ရပါတယ်။
  • ကိုယ်ချစ်ရတဲ့သူတွေ အနားမှာ မရှိချိန်မှာ အထီးကျန်တယ်လို့ ခံစားမနေမိဘဲ ကိုယ်စိတ်ပူသလို ကိုယ့်ကိုလည်း သတိရ ပူပန်တဲ့သူတွေ ရှိနေတယ်ဆိုတာ သတိရပေးပါ။

ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ ဆက်ပြီးလုပ်နိုင်ဖို့၊ ချစ်ရတဲ့သူတွေကို စောင့်ရှောက်ပေးနိုင်ဖို့နဲ့ အချိန်တွေ ကို အတူတကွ ပျော်ပျော်ရွှင်ရွှင် ဆက်လက်ဖြတ်သန်းနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ရော ကိုယ်ရော ကျန်းမာအောင် စောင့်ရှောက်နေထိုင်သွားကြပါစို့နော်။  

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
Go back to more resources