July 18, 2023

THE KEY TO BUILDING RESILIENCE

Articles
,
4.4
MB
,

An article about what resilience is and how to build it during challenging times for parents and caregivers.

ဖေဖေမေမေတို့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်ထွေးစရာ၊ ဝမ်းနည်းစရာ စတာတွေကို ရင်ဆိုင်ဖူးကြမှာပါ။ ဒီလိုကိစ္စတွေနဲ့ တွေ့ကြုံလာရတဲ့အခါ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ စိတ်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာဘာလဲ?

ကိုယ့်ဘဝမှာ ဆုံးရှုံးမှုတွေ၊ ပြောင်းလဲမှုတွေ၊ စိတ်နာကျင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြိုလဲမသွားဘဲ ကြံ့ကြံ့ခံ နေနိုင်တာကို စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ ခေါ်ကြပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ထားမယ်ဆိုရင် ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲတွေနဲ့ ကြုံလာရင်ပဲဖြစ်ဖြစ်၊ ခက်ခဲတဲ့အချိန်နဲ့ ရင်ဆိုင်ရရင်ပဲဖြစ်ဖြစ် ပြန်ရုန်းထပြီး ရှေ့ဆက်သွားနိုင်မှာပါ။

စိတ်ဓာတ်ကြံ့ခိုင်မှု ရှိစေဖို့ ဘယ်လိုနေထိုင်ရမလဲ?

  • ကိုယ့်ခံစားချက်ကို လက်ခံပါ။ ဒီလို လက်မခံသရွေ့၊ ခက်ခဲတဲ့အခြေအနေတွေကို ကျော်လွှားသွားနိုင်ဖို့ မလွယ်ကူပါဘူး။  
  • ဝမ်းနည်းမှုတွေကို ရှောင်ဖယ်ဖို့မကြိုးစားဘဲ ထိပ်တိုက်ရင်ဆိုင် လိုက်မှသာ ဒီစိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို မြန်မြန်ကျော်လွှားနိုင်မှာပါ။
  • ဘယ်လောက် သေးငယ်တဲ့ အောင်မြင်မှုလေးတွေဖြစ်ဖြစ် ဒါတွေအပေါ် ပျော်ရွှင်ဂုဏ်ယူတတ်ခြင်းဟာ အခက်အခဲတွေကြုံလာတဲ့အခါ ကိုယ့်အတွက် ခွန်အားတွေဖြစ်စေမှာပါ။
  • ကိုယ့်ကိုယ်ကို အကောင်းမြင်ပေးခြင်းဟာလည်း စိတ်ဓာတ်ကြံ့ခိုင်အောင် တည်ဆောက်ရာမှာ အရေးပါပါတယ်။

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
Go back to more resources